တာယာများ၊ ဘရိတ်အစိတ်အပိုင်းများ၊ ဘက်ထရီများ၊ ရှော့ဘားများ၊ ကားအောက်ပိုင်းများ၊ ကားအဲယားကွန်းများ၊ အင်ဂျင်ဝိုင် လဲလှယ်ခြင်း၊ ရေလည်အုံ နှင့် injection သန့်ရှင်းရေးပြုလုပ်ခြင်း၊ ပလပ်များ လဲလှယ်ခြင်း အစရှိသည့် ကားတစ်စီး၏လိုအပ်သော ဝန်ဆောင်မှုအားလုံးကို အကောင်းဆုံး ထိန်းသိမ်း စောင့်ရှောက်ကာ ဝန်ဆောင်မှုပေးလျက်ရှိသည်။
Automan ခေါင်းစဉ်အောက်ရှိ စက်ပြင်ရုံတိုင်းမှာလည်း အကျွမ်းကျင်ဆုံး စက်ပြင်ဆရာများ (သူတို့နှင့် သက်ဆိုင်ရာ နယ်ပယ်အသီးသီးရှိ ) နှင့် အကောင်းဆုံးဝန်ဆောင်မှု ပေးလျက်ရှိသည်။
ကျွန်ုပ်တို့၏ စက်ပြင်ဆရာများမှ Customer ၏ကားများအတွက် လိုအပ်သော အကြံဥာဏ်ပေးခြင်း၊ ဝန်ဆောင်မှု ပေးရာ၌လည်း နောက်ဆုံးပေါ် ပစ္စည်းများဖြင့် စစ်ဆေးပေးခြင်းအပြင် အရည်အသွေး အကောင်းဆုံးပစ္စည်းများကို Automan အလုပ်ရုံများ၌ ဈေး နုန်း တူညီစွာဖြင့် ဝန်ဆောင်မှု ပေးလျက်ရှိသည်။
ဘယ်အချိန်မဆို ကျွန်ုပ်တို့၏ ဝန်ဆောင်မှုကို ယုံကြည်စိတ် ချစေချင်သည်။ (ဝယ်ယူသူများ ၏ အမြဲတမ်း ယုံကြည်မှုဟာ ကျွန်တော်တို့၏ ဝန်ဆောင်မှုပါပဲ)
ယခုအချိန်၌ Automan အမြန်အလုပ်ရုံများကို အထက် ပန်းဆိုးတန်းလမ်း နှင့် သစ္စာလမ်း တို့တွင် မနက် ၈း၃၀ မှ ညနေ ၆း၀၀ နာရီအထိ ပိတ်ရက်မရှိ ဝန်ဆောင်မှု ပေးလျက် ရှိပါသည်။
Automan ရဲ့ ရည်ရွယ်ချက်မှာ ဝယ်ယူသူများအား ဈေးနှုန်း သင့်တင့်သော ပစ္စည်းကောင်းများ ရရှိစေရန်၊ အရည် အသွေး ကောင်းသော ပစ္စည်းများ ရရှိစေရန်နှင့် ဝန်ဆောင် မှုကောင်းကောင်း ရရှိရန် တို့ဖြစ်သည်။
Service Center-1: No (75/77), Upper Pansoden Road, Mingalar Taungnyunt Township , Yangon, Myanmar.
Phones: +95-1-374953 , +95-9-4309 8456
Email: pansodenoffice@automancenter.com
Service Center-2: No (331/332/333), Thit Sar Road, 9 Quarter, South Okkalapa Township , Yangon, Myanmar.
Phone: +95-9-26240 5457
Email: thitsarbranch@automancenter.com
Monday-Friday: 8:30am to 6:00pm