Always the right filter ( အမြဲတမ်းအတွက် အကောင်းဆုံး Filter )

၁၉၆၅ခုနှစ်မှ စတင်၍ Ohirngen ဂျာမဏီတွင် စက်ရုံအား တည်ထောင်ခဲ့ပြီး စက်မှု လုပ်ငန်းသုံး Filters များအား ထုတ်လုပ်ခဲ့ပါသည်။ Fluid Technology / Air Filtration နှင့် Process Technology ဌာနခွဲများ နှင့်အတူ ယခုအချိန်ထိ ဂျာမဏီတွင် တည်ရှိလျှက် ရှိပါသည်။ MAHLE သည် မော်တော်ကားနှင့် အင်ဂျင် လုပ်ငန်းတွင် Worldwide Developement Partnership အနေဖြင့် ဦးဆောင်လျှက်ရှိပြီး Combustion Engine နှင့် အင်ဂျင် အပိုပစ္စည်းများ ထုတ်လုပ်သည့် နေရာတွင် အထူးကျွမ်းကျင် သူများ ဖြစ်ပါသည်။ Filter နှင့် အင်ဂျင်အပို ပစ္စည်းများ ထုတ်လုပ်မှု တွင် ကမ္ဘာ့အဆင့် (၃) ၌ ရပ်တည်လျှက် ရှိပါသည်။ MAHLE Aftermarket သည် မူရင်းအစားထိုး ပစ္စည်းများ၏ အရည်အသွေး အတိုင်း ယာဉ်အပိုပစ္စည်းများကို အဓိက ထုတ်လုပ်ပါသည်။ ဂျာမဏီ နိုင်ငံမှ ထုတ်လုပ်သော Filters များကို စင်္ကာပူနိုင်ငံရှိ ဂိုဒေါင်တွင် ပေါင်းစည်းထားရှိပြီးနောက် နိုင်ငံအနှံ့အပြား သို့ဖြန့်ဖြူးပေး လျှက်ရှိသည်။

မူရင်းအစားထိုးပစ္စည်း ၀ယ်ယူသူများ -

-TOYOTA, ISYZU, SUZUKI, SUBARU, NISSAN, MITSUBISHI, MAZDA, DAIHATSU
-DAEWOO, HYUNDAI, KIA

MAHLE ၏ လုပ်ငန်းသုံး Filter ထုတ်လုပ်မှုတွင် Filter နှင့် Filter စနစ်များ Fluid Technology အတွက် လိုအပ်သည့် အပိုပစ္စည်းများ၊ ဖုန်မှုန့်နျား မကပ်စေသည့် ကိရိယာနှင့် စနစ်များ၊ ကြမ်းတမ်း မာကျောသည့် အရည်နှင့် အစိုင်အခဲ များအတွက် အလိုအလျောက် စစ်ထုတ်သည့် စနစ်များ ပါဝင်ပါသည်။ ထုတ်လုပ်မှုအတွက် DIN EN ISO 9001 နှင့် ပတ်ဝန်းကျင် စီမံခန့်ခွဲမှုအတွက် ISO 14001 & EMAS မှ ထောက်ခံချက် ရရှိထားပါသည်။