Mahle

Always the right filters

mahle၁၉၆၃ ခုနှစ်မှ စတင်၍ Ohringen ဂျာမဏီတွင် စက်ရုံအား တည်ထောင်ခဲ့ပြီး စက်မှုလုပ်ငန်းသုံး Filters များအား ထုတ်လုပ်ခဲ့ပါသည်။ Fluid Technology/ Air Filteration နှင့် Process Technology ဌာနခွဲများ နှင့်အတူ ယခု အချိန်ထိ ဂျာမဏီတွင် တည်ထောင်လျှက်ရှိပါသည်။ MAHLE သည် မော်တော်ကားနှင့် အင်ဂျင်လုပ်ငန်းတွင် Worldwide Development Partnership အနေဖြင့် ဦးဆောင်လျှက် ရှိပြီး Combustion Engine နှင့် အင်ဂျင် အပိုပစ္စည်းများ ထုတ်လုပ်သည့် နေရာတွင် အထူးကျွမ်းကျင်သူများ ဖြစ်ပါသည်။ Filter နှင့် အင်ဂျင်အပို ပစ္စည်းများ ထုတ်လုပ်မှုတွင် ကမ္ဘာ့အဆင့်(၃)၌ ရပ်တည်လျှက်ရှိပါသည်။ MAHLE Aftermarket သည် မူရင်းအစားထိုး ပစ္စည်းများ ထုတ်လုပ်သည့် လုပ်ငန်းတွင် မူရင်းပစ္စည်းများ၏ အရည်အသွေးအတိုင်း ယာဉ်အပို ပစ္စည်းများကို အဓိကထုတ်လုပ်ပါသည်။ ဂျာမဏီနိုင်ငံမှ ထုတ်လုပ်သော Filters များကို စင်္ကာပူနိုင်ငံရှိ ဂိုဒေါင်တွင် ပေါင်းစည်းထားရှိပြီးနောက် နိုင်ငံအနှံ့ အပြားသို့ ဖြန့်ဖြူးပေးလျှက်ရှိပါသည်။