3D Wheel Alignment အ ကယ် ၍ သင့် ကား တာယာများ ကောင်းမွန်စွာ ချိန်ညှိ ထားခြင်းမရှိပါက တာယာပွန်းစား မှုများ ဖြစ်ပ်ါလာနိုင် ပါသည်။ ထိုသို့ဖြစ် ပေါ်လာသည် များကို ပူပန်နေမည့်အစား ကျွန်ုပ်တို့အား သင်၏ပြသာနာ 3D Wheel Alignment အသုံးပြုရန် စဉ်းစားသင့်သည့် အချက်(၅)ချက် ရှိပါသည်။

- လျင်မြန်လွယ်ကူပြီး စမ်းသပ်စစ်ဆေးရန် ဈေးနှုန်းသင့်တင့်ခြင်း

- သင့်ကားတစ်ခုလုံးအား ကိုင်တွယ်အသုံးပြုရန် လွယ်ကူသွားခြင်း

- မလိုအပ်ပဲ တာယာပွန်းစားမှု ဖြစ်ခြင်းကို သိသိသာသာ လျော့နည်းလာစေခြင်း

- စိတ်အနှောက်အယှက် ဖြစ်စရာကောင်းသော စတီယာရင် တုန်ခါမှု မရှိတော့ခြင်း

- ဆီစားနှုန်းအထူးသက်သာလာခြင်း

ထိုသို့ပြုလုပ်ရန်မှာ လွယ်ကူရိုးရှင်းပြီး သင်၏ အချိန်မတိုင်မှီ ဖြစ်ပေါ်သော တာယာပွန်းစားမှုကိုလဲ ရှောင်ရှားနိုင် မည်ဖြစ်သည်။ လွယ်ကူမြန်ဆန်မှုလိုအပ်သည့် ထိန်းညှိမှုများ မပြုလုပ်မီ ကျွန်ုပ်တို့၏ 3D 4 Wheel Alignment စက်ဖြင့် သင့်ကားထုတ်လုပ်သူမှ သတ်မှတ်ထားသော လိုအပ်ချက်များအတိုင်းတိုင်းကာ စစ်ဆေးခြင်းတို့ကို ပြုလုပ်ပေးနိုင်ပါသည်။ ထိုသို့ပြုလုပ် ခြင်းသည် အချိန်ကြာမြင့်မှု၊ ငွေကြေးကုန်ကျမှု များစွာ မရှိသော်လည်း အကျိုး ကျေးဇူးများစွာ ရရှိစေပါသည်။ ပထမဦးစွာ ထိန်းညှိခြင်း မပြုလုပ်မီ တာယာ(၄) လုံး၏မပြု ပြင်မီနှင့် ပြု ပြင်ပြီးပုံအား ပုံထုတ်ပြပါသည်။

BG Cleaning Service: BG Fuel Injection System သည် Fuel Injection အတွင်းရှိသော ကျောက်ခဲကဲ့သို့ မာကျောသော ကာဗွန် အစိုင်အခဲများကို ဖယ်ရှားပေးခြင်းဖြစ်သည်။ ၄င်းသည် Injector Spary နှင့် ရေ၊ လေအချိုး ကို ညီမျှစပြီး အခြေခံအားဖြင့် ဆီစားသက်သာစေပါသည်။ ယခုခေတ် မော်တော်ယာဉ်များ အနေဖြင့် ဓါတ်ဆီတိုက်ရိုတ်ထိုးသွင်းမှုနှင့် Fuel injectors, intake values & ports များအတွင်း အနည်ထိုင်မှုများ ဖြစ်ပေါ်လာပါသည်။ များသောအားဖြင့် ဓါတ်ဆီကြောင့် ဖြစ်ပေါ်လာသော ၄င်းအကြွင်းအကျန်များသည် ကားမောင်းနှင် ရာတွင် တု့ံ့ဆိုင်းတုံ့ဆိုင်းဖြစ်ခြင်း၊ ဆီကောင်းစွာ မစီးခြင်း၊ ဟန်ချက်မညီခြင်း၊ စက်ကောင်းစွာ မနှိုးခြင်း၊ ဆီစားခြင်းနှင့် ကား၏ လုပ်နိုင်စွမ်းအားထက် လျော့ ကျစေခြင်းစသည့် ပြသာနာ များကိုကြုံတွေ့ ရနိုင်ပါသည်။